HACKING+
White Hacker
ကောင်းတစ်ဦးဖြစ်လာစေရန်
============================👉ခက်ခဲနက်နဲပြီး ရှပ်ထွေးလှတဲ့ ကမ္ဘာ့ Hacking နည်းပညာတွေကို
သင့်ရဲ့နည်း သင့်ဟန်နဲ့ သင်ဝင်ရောက် Crack နိုင်ဖို့အတွက်
သင်ယူရမှာတွေကို ဆက်လက်ဖတ်ရှုလေ့လာရန် အပိုင်းသုံးပိုင်း
ရှိနေတာကို ဆက်ဖတ်ပါ။
======================================================
၁။ အခြခံ Hacking စွပ်းရည်ကိုသင်ယူပါ။
၂။ Hacker တစ်ယောက်လို တွေးခေါ်ကြံစည်ပါ။
၃။ ဝင်ငွေကိုတန်ဖိုးထားပါ။ ဆိုပြီးအပိုင်းသုံးပိုင်းခွဲထားပေးပါတယ်။
======================================================
၁။ အခြခံ Hacking စွပ်းရည်ကိုသင်ယူပါ။
က။ Unix ကိုအသုံးပြုတပ်အောင်လုပ်ပါ
Unix ဆိုတာဟာ အင်တာနက် OS (Operating System) ပါဘဲ။ Unix ကိုနားမလည်ဘဲအင်တာနက်ကို သုံးလို့ရပါတယ် သို့သော်လည်းဘဲ Unix ကိုမှအသုံးပြုတပ်အောင်နားမလည်ထားရင် ဟက်ကာဖြစ်လာစရာအကြောင်းမရှိပါဘူး။ ဒိအတွက်ကြောင့်လည်း ဒီနေ့ ဟက်ကာ အသိုင်းဝိုင်းဆိုတာ Unix ကိုအသုံးပြုမှု တော်တော်ကြီးကိုတောင့်တင်းခိုင်မာနေပါပြီ။
ဒါ့ကြောင့် Unix တစ်ခုဖြစ်တဲ့ Linux OS ဟာလည်း Microsoft Windows နှင့်တွဲပြီး ကွန်ပျူတာတစ်လုံးထဲမှာ ပူးတွဲအသုံးပြုနိုင်ပါတယ်။
ဒီအတွက် Linux ကို Download ပြီးသင့်ရဲ့ ကွန်ပျူတာမှာ Install လုပ်ပါ Linux အသုံးပြုသူများနှင့်မိတ်ဆွေဖွဲအကူညီတောင်းခံပါ။ Linux ကိုစမ်းသုံးနိုင်ရန်အကောင်းဆုံးနည်းကတော့ Linux CD တစ်ခုခု မှနေပြီး Boot လုပ်ယူပြီး အဲဒီ CD ကပြုပြင်ထားသော ခွေမဖြစ်စေရပါ။
ဒီနည်းဟာ ဖြစ်နိုင်ခြေအရှိဆုံးနှင့် ကြီးလေးတဲ့တာဝန်ကြီးတစ်ခုလည်း မဟုပ်ပါ။ ဒီနေရာမှာ Binary ဖြစ်တည်ဆောက်ထားသော Linux OS လည်းရှိပါသေးတယ်
Binary ဖြစ်တဲ့အတွက် Code တွေနဲ့အသုံးပြုထားလို သင်ကဒီ Code တွေကိုဖတ်လို့မရနိုင်သလို ပြုပြင်ဖိုဆိုတာလည်းမဖြစ်နိုင်ပါဘူး။ သင်သိသမျှ လောက်ဖြင့် Microsoft Windows နှင့်အခြားသေား Closed-Source System များဟက်နိုင်အောင်ကြိုးစားသင်ယူပါ။
Linux ကို Mac OS X ကိုအသုံးပြုထားသောကွန်ပျူတာများနှင့်တောင် တွဲ၍ အသုံးပြုနိုင်ခြေရှိပါတယ်၊ သို့သော်လည်း သူ့ရဲ့ Open Source ကြောင့်သင့် အခက်အခဲပေါင်းများစွာတွေ့ရမျာဖြစ်ပါတယ် ဒီအပြင် Apple's proprietary code တွေကိုသင်အရန်းဂရုစိုက်ရမှာဖြစ်ပါတယ်။
======================================================
ခ။ HTML ကိုရေးသားနိုင်အောင် ကြိုးစားပါ
သင့်အနေနဲ့ Program တွေကိုဘယ်လိုရေးမယ်ဆိုတာ မသိသေးဘူးဆိုရင် အခြေခံလည်းကျ မသိမနေရဖြစ်တဲ့ Hyper Text Mark-Up Language လို့ခေါ်တဲ့ HTML ကိုမဖြစ်မနေသင်ယူလေ့လာပါ၊ပြီးရင် Code တွေကိုရေးရမဲ့ စွမ်းရည်က မရှိမဖြစ်စွမ်းရည်လဲ ဖြစ်ပါတယ်။ ဝက်ဆိုဒ်ထဲမှာ သင်မြင်နေရသမျှပုံတွေ ဓါတ်ပုံတွေ အဆင်ပြင်အားလုံးဟာ HTML ကုဒ်တွေသုံးထားတာပါ၊ ဒီအတွက်စီမံကိန်းချပြိးတော့ HTML ကိုစတင်သင်ယူပြိး Home Page တွေဖန်တည်းပါ။
သင်သုံးနေတဲ့ Browser ထဲက HTML ဆိုင်ရာ Source တွေထဲကိုဝင်ရောက်ကြည့်ပါ။
အချိန်အနည်းငယ်ယူပြိး Web Developer ထဲကိုဝင်ပါ၊ Firefox မှာဆိုရင် Web Developer ထဲကိုဝင်ဖို Tools ကိုသအသုံးပြုဝင်လို့ရပါတယ်၊ HTML ကုဒ်တွေကိုသင်ကိုတိုင်ရေးနိုင်ပါတယ် ဒီလိုရေးတဲ့အခါမှာ Notepad သို့မဟုတ် Simple Text ကိုအသုံးပြုပြိးရေးပါ ပြီးနောက် Save လုပ်သိမ်းပြီးသိမ်းပါ၊ Save လုပ်တဲ့အခါမှာ Text Only ဖြစ်၇ပါမယ်၊ ပြိးရင် Up load တင်ပြီး သင့်ရေးတဲ့ HTML ရဲ့လုပ်ဆောင်ချက်ကိုပြန်ကြည့်ပါ။
သင့်အနေနဲ့ Format Tags များကိုနားလည်ထားဖို့လိုပါတယ်၊ ပြီးရင် အသုံးပြုတပ်အောင် လေ့လာသင်ယူပါ၊ "<" သင်္ကေတ ကိုအဖွင့်မှာသုံးပြီး "</>" ကိုအပိတ်မှာသုံးပါတယ် ဒီသင်္ကေတတွေကို Tags လို့ခေါ်ပါတယ်။ " ကတော့စာကြောင်းတွေအတွက်သုံးတဲ့ ကုဒ်ဖြစ်ပါတယ်။ သင်ဟာ italics, formatting, color, စသဖြင့် စလုံးတွေကိုရေးရာမှာ Tags များကိုအသုံးပြုရာမှာဖြစ်ပါတယ် ဒီအတွက် အင်တာနက်မှာအလုပ် ဘယ်လိုလုပ်မယ်ဆိုတာသိဖို့ရာ HTML ကိုမဖြစ်မနေနားလည်ထားရမှာဖြစ်ပါတယ်။
======================================================
၈။ Program များရေးနိုင်အောင်ကြိုးစားလေ့လာပါ။
ကဗျာမရေးခင် ကဗျာရေးနည်း သဒ္ဒါကိုလေ့လာဖို့ လိုပါတယ်၊ ဥပဒေကို မချိုးဖေါက်ခင် ဥပဒေကိုသင်ယူဖို့လိုပါတယ်၊ ဒါပေမဲ့ သင့်ရဲ့အတိုင်းတာကန့်သတ်မှုမရှိတဲ့ မျော်လင့်ချက်က Hacker ဖြစ်ချင်နေတာဆိုရင် သင့်ရဲ့ English စာစွမ်းရည်ဟာ သာမန်အဆင့်ထက်မြင့်လွန်းတဲ့ အနေအထားမှာရှိနေဖို့ရန်လည်း လိုပါတယ်။ Python ဆိုတာလဲသိကောင်းတဲ့ ကွန်ပျူတာ Language လေးတစ်ခုဖြစ်ပါတယ်၊ Python Language လေးကိုလည်းနားလည်အောင်သင်ယူပြိး သူနဲ့စတင်မယ်ဆိုရင်လဲ ကောင်းပါတယ် ဘာကြောင့်လဲဆိုတော့
ရိုးရှင်းပုံစံလေး ဖြစ်ပြီး ရေးသားမှုကောင်းမွန်ပါတယ် ပြီးတော့ ခုမှစမဲ့သူတွေအတွက်အထူးလည်း သင့်တော်ပါတယ်။
Python ဆိုတာဟာလည်း ကစားစရာ အဆင့်မဟုတ်ပါဘူး စွမ်းအားထက်မြက်ပြီး Project အကြီးစားများအတွက် အသုံးပြုရန် သင့်တော်တဲ့ ကွန်ပျူတာ Language တစ်ခုလည်းဖြစ်ပါတယ်၊ Java ဆိုတာကိုလည်း အပြောင်းလည်း သဘော အသုံးပြုသောသော Language မှာထည့်သွင်းသင်ကြားရမျာဖြစ်ပါတယ် ဒါပေမဲ့ သူ့ကို အဆင့်မြင့် Language အဖြစ်ထဲ့သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ အကယ်၍သာ သင်က တကဲ့ Programmer ကောင်းတစ်ယောက်ဆိုရင်တော့
C Program တွေကိုလည်း မဖြစ်မနေသင်ယူရအုန်းမှာပါဘဲ၊ Unix ရဲ့မင်မဖြစ်တဲ့ C++ ဆိုတာကလည်း C နဲ့အလွန်ကိုနီးကပ်လွန်းတဲ့ Program ဘဲဖြစ်ပါတယ်၊ဒါပေမဲ့ သင်တစ်ခုကိုတပ်ထားပြီးသားဆိုရင် ကျန်တာတွေက သိပ်ပြီးမခက်လှတော့ပါဘူး။ C ဟာသင်ကွန်ပျူတာရဲ့ အားနဲ့ အလွန်ကိုသင့်တော်တဲ့ Language လည်းဖြစ်ပါတယ်၊
သို့သော်လည်း သင်ဘက်က အချိန်ပေါင်းမြောက်များစွားကို ရင်းနှီးပေးဆပ်ရမှာ ဖြစ်ပါတယ် ဒီလိုမှ သင်ဘက်က အချိန်ကိုမပေးဆပ်နိုင်ဘူးဆိုရင်တော့ သင့်ကွန်ပျူတာရဲ့ ထိရောက်မှုမှာ
အထူးကို အရေးကြီးတဲ့ အကြောင်းရာတစ်ခုဖြစ်စေနိုင်ပါတယ်။
======================================================
၂။ Hacker တစ်ယောက်လို တွေးခေါ်ကြံစည်ပါ။
က။ ခုလောက်ဖတ်ထားပြီးပြိဆိုရင် သင့်ရဲ့ အရည်သွေးဟာ အခြေခံ အဆင့်ရှိသူဖြစ်နေပါပြီ၊ ဒါကြောင့်သင်အနေနဲ့ အစွမ်းစရှိသူတစ်ယောက်လို စတင်စဉ်းစားတွေးခေါ်သင့်ပါပြီ၊
ဟက်ကာ ဆိုတာ အနုပညာရှင်တွေလို၊ အတွေးခေါ်ပညာရှင်များလို၊ အင်္ဂျင်နီယာ တွေကဲ့သို့ တွေးခေါ်မှုမျိုးစုံကို တွေးခေါ်နိုင်သူဖြစ်ရပါမယ် ပြောရမယ်ဆိုရင်တော့ ဘက်ပေါင်းစုံအောင် တော်ဘို့ လိုပါတယ်။
ဟက်ကာတွေဟာ အပြန်အလှန်တာဝန် ကျေကြပြိး လွပ်လပ်မှုကို ယုံကြည်ကြသူများ ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်စောင့်ဆိုင်းလို့နေပါတယ်၊
ဟက်ကာတွေဟာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရတာကို အလွန်နှစ်သက်ကြပါတယ် ဒီအပြင် သူတို့ရဲ့ စွမ်းရည်တွေကို မျှဝေရတာကို လည်းနှစ်သက်ကြပါတယ်။ ဟက်ကာတွေဟာ Hacking နဲ့ဆိုင်တဲ့နည်းပညာတွေရဲ့ ပြင်ပလောကမှာဆိုရင်တော့ များလှစွာသော အသိဥာဏ်ဆိုင်ရာအပိုင်းတွေ ယဉ်ကျေးမှုဆိုင်ရာအပိုင်းတွေကို စိတ်ဝင်စားကြပါတယ်။ သင် ပြင်းပြင်းထန်ထန် ကစားနိုင်သလောက် ဟက်ကာတွေက အလုပ် လုပ်နိုင်ပြီး သင် ပြင်းပြင်းထန်ထန် အလုပ် လုပ်နိုင်သလောက် လဲ ဟက်ကာ တွေက ကစားနိုင်ကြပါတယ်၊ ဟက်ကာတွေဟာ အားကစား၊ အလုပ်၊ သိပ္ပံပညာ နဲ့ အနုပညာတွေကို သူ့ဘောင်နဲ့သူ ပိုင်းခြားထားသူတွေလည်းဖြစ်ပါတယ် ပျော်ရွှင်မှုအမြင့်ဆုံးကိုကူးပြောင်းနိုင်အောင် ဖန်တည်းနေကြသူတွေ ဖြစ်သိလို အားလုံးကို လွယ်လင့်ကကူ မေ့ဖျောက်နိုင်ကြ သူတွလည်း ဖြစ်ပါတယ်။ သိပ္ပံဝတ္ထုတွေစာစောင်တွေဖတ်ပေးပါ၊ သိပ္ပံ ဆိုင်ရာစာပေဟောပြောပွဲများ ညှိနှိုင်းဆွေးနွေးပွဲများသို့သွားပါ၊ သို့မှသာ ဟက်ကားများ ဟက်ကာဖြစ်အောင်ကြိုးစားနေသူများနှင့် ဆုံတွေနိုင်သော အကောင်းဆုံး နည်းတစ်ခုဖြစ်ပါတယ်၊ ကိုခံပညာ တစ်ခုခု ကိုသင်ယူထားဘို့်လည်း လိုမယ်၊ ကိုခံပညာရင်ရဲ့စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုမျိုးနဲ့အလားတူတဲ့ စိတ်ထားမျိုးဟာ ဟက်ကာ တစ်ယောက်အတွက် အရေးကြိးတဲ့ အကြောင်းတစ်ချက်လဲ ဖြစ်ပါတယ်။ ဟက်ကာဆန်တဲ့ ကိုခံပညာဟာ အများအားဖြင့် စိတ်အခြေခ့ကို အသားပေးထားသလိုဖြစ်နေလို့ပါဘဲ၊
စိုးရိန်ပူပန်မှုတွေကို ရှောခြနိုင်ရမယ်၊ လက်ရုံးရည်သမား ရုပ်ဝါဒီများ နှင့် ဘုရားမဲ့ မင်းမဲ့ဝါဒ သမားများထက် စိတ်ကို ထိမ်းချုပ်နိုင်ရမယ်။ Thi Chi (တရုပ်ရိုးရာ) ဆိုတဲကိုခံပညာဟာ
ဟက်ကာများအတွက် သင့်တော်သော ကိုခံပညာရင် ဖြစ်တယ်လို့ ဆိုထားပါတယ်။
======================================================
ခ။ ပြဿနာများကို ဖြေရှင်းရာမှာ စိတ်အားထက်သန်ပါ။ နှစ်ခါပြန်ဖြေရှင်းရတဲ့ ကိစ္စတွေကို ပြဿနာ လို့မထင်ပါနဲ့။ လူတိုင်းရဲ့အချိန်တွေကို ဟက်ကာအနေဖြင့်တန်ဖိုးထားတပ် မြတ်နိုးတပ်အောင် စဉ်းစားပါ။ ဟက်ကာတွေရဲ့ရုံကြည်ချက်ကတော့ သတင်းအချက်လက်တွေကို မျှဝေပေးရတာလောက်ဟာ သာမန်လုပ်ရိုးလုပ်စဉ်ဖြစ်တယ်။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှ အဲဒီပြဿနာကို တစ်ခြားတစ်ဦးတစ်ယောက်ပါ ဖြေရှင်းနိုင်အောင် မျှဝေကြည့်ပါ၊ သို့သော်လည်း သင်ထိုးထွင်းတည်ထွင်ထားသမျှ အားလုံးကို မဖြစ်မနေ မျှဝေပေးရမယ်လို့ ယုံကြည်ထားစရာ မလိုပါဘူး၊ သို့သော်လည်း ဟက်ကာ တစ်ယောက်ရဲ့လုပ်ဆောင်ချက်ကို
တစ်ခြားတစ်ယောက်ကိုပါ အကြိုးရှိစေအောင်မျှဝေခြင်း မျှသာဖြစ်ပါတယ်။ သင့်နေထိုင်စားသောက်မှု့နဲ့ သင့်ကွန်ပျူတာ အသုံးစရိတ်အတွက် လုံလောက်တဲ့ စျေးကွက်တင်ရောင်းဝယ်မှုတွေရှိနေရမှာကတော့ ဟက်ကာ တစ်ယောက်ရဲ့ပြောင်းလည်းမှုမရှိတဲ့ တန်ဖိုးဖြစ်ရပါမယ်။ The Mentor ရဲ့စာအုပ်ဟောင်းများဖြစ်ကြတဲ့ "Jargon File" နဲ့ "Hacker Manifesto" ကိုဖတ်ပေးပါ၊ ဒီစာအုပ်တွေဟာ ခေတ်မမှီလောက်တော့ပါဘူး ဒါပေမဲ့ အချိန်မှီပါသေးတယ် ဖတ်ဖြစ်အောင် ကြိ်ုးစားဖတ်ကြပါ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်တွေပါ။
======================================================
ဂ။ မှတ်မိနေအောင်ကြိုးစား သင်ယူပါ ပြီးရင် အမိန့်အာဏာ တွေကို တိုက်ခိုက်ပါ။ ငြီးငွေ့ခြင်း လုပ်ကိုတစ်ကုပ်ကိုပ်လုပ်ရတာကိုငြီးငွေ့ခြင်း နှင့် အာဏာရှင်ဆန်သော စီစစ်ဖြတ်တောက်မှု နဲ့ လွပ်လပ်စွာမျှဝေတဲ့သတင်းအချက်လက်တွေကို ထိမ်းချုပ်တာတွေဟာ ဟက်ရာတွေ အတွက် ရန်သူဖြစ်တယ်၊ ဟက်ကာနည်းပညာတွေကို လပ်ခံယုံကြည်တာဟာ အလုပ် နဲ့ ဂုဏ်သတ္တိ တို့ရဲ့ ပုံမှန်လို့ခေါ်တဲ့ ဘဝ ထဲကနည်းပညာတွေကို ငြင်းဆန်ပြီး ဗဟုသုတ အတွက် တိုက်ခိုက်ရတာဟာ ဟက်ကာ အလုပ်ဖြစ်ပါတယ်။
======================================================
ဃ။ အရည်အချင်းရှိပါ၊ ဘယ်သူမဆို Reddit ပေါ်မှာနေပြီး Cyberpunk အမည်ခံပြီး ရယ်စရာ လိုလို အဓိပ္ပာယ်မရှိသောအရာတွေကို ဟက်ကာအမည်ခံပြီးရေးနိုင်ကြပါတယ်၊
သို့သော်လည်းဘဲ အင်တာနက်တိုတာဟာလည်း လူတွေရဲ့ ရက်တည်ချက် သဘောထား၊ အတ္တမာန နှင့် တန်ဘိုးရှိသော အစွမ်းအစတွေကို အကြီးအကျယ် ချိန်ညှီလို့ရသော စက်တစ်ခုဖြစ်ပါတယ်။
သင့်ရဲ့လုပ်စရာကိစ္စတွေအတွက် သင့်ရဲ့အချိန်တွေကိုအသုံးပြုတဲ့နေရာမှာ သင့်ရဲ့ပုံရိတ်တွေမဟုတ်ဘဲ သင်ကိုယ်တိုင် လျှင်မြန်စွာလုပ်ဆောင်မှုတွေက အပေါ်ယံတွေကိုလုပ်ဆောင်ပြီး ကိုဟန်ပြနေတာထက်စာရင် Hacking နည်းပညာယဉ်ကျေးမှုမှာ ကျတော်တို့တွေ တွေးတောဆောင်ခြင်းဖြစ်တဲ့ကျွန်တော်တို့လုပ်ရမဲ့ အလုပ်ကို လုပ်ကိုင်တာဟာ သင့်ကိုလေးစားမှုတွေ ရရှိလာမှာဖြစ်ပါတယ် ။
======================================================
၃။ လေးစားမှုကို ရအောင်ယူတပ်ပြီး တန်ဖိုးထားပါ။
က။ Open-Source software တွေကိုရေးပါ။ ဒီလို Program တွေရေးတာဟာ အခြားသော ဟက်ကာများ အနေဖြင့် ရယ်စရာ သိုပမဟုတ် အသုံးဝင်သော Software လို့ထင်စရာ နှစ်မျိုးသာရှိပါတယ် ပြီးရင် သင်ရဲ့ Program ကို ကမ္ဘာ့ ဟက်ကာ အသိုင်းဝိုင်းကို အသုံးပြုစေဖို့ရန်ဖြန့်ဝေပေးပါ။
ဟက်ကာ အဖွဲ့စည်းကြီးဟာ ဆိုရင် Program ကြီးကြီးမားမားတွေ ရေးသူ ဟက်ကာ နတ်ဆိုးလေးအဖြစ် ချစ်ခင်မြတ်နိုးကြပါတယ် လိုအပ်နေတာတွေ ပေးဝေသူအဖြစ်မြင်ပြိး ဒီ Program တွေကို အသုံးပြုကြပါတယ်။
======================================================
ခ။ Open-Source Software တွေရဲ့ အပြစ်ကိုရှာဖွေပြီး ကူညီနိုင်အောင် ကြိုးစားပါ။ Open-Source Software တွေကိုရေးသားသူများကတော့ သူတို့ရေးသားခဲ့တာတွေကို အကောင်းဘဲ ပြောကြမှာပါ သို့ပေမဲ့ ကောင်း၏ ဆိုး၏ဆိုတာကို တော့ ဘုရားမှအပ ဘယ်သူသိနိုင်မှာလည်း။ တည်ဆောက်ပြုပြင်နေဆဲ့ Program တွေကိုရှာဖွေပါ သင်ကဒီနေရာ မှာ Beta-Tester ကောင်းတစ်ယောက်အဖြစ်အောင်ကြိုးစားပြီး ဒီ Program အပေါ်မှာစိတ်ဝင်တစားရှိရပါတယ် Beta-Tester ဆိုတာက ရေးသားပြိးသား Program သို့မဟုတ် ထုပ်လုပ်တော့မည့် ပစ္စည်း ကိုကောင်းမကောင်း အရည်သွေးမှိ မမှိ အားနည်းချက်ရှိ မရှိကို စစ်ဆေးပေးသူပါ။ ဒါဟာ Program တွေကိုစစ်ဆေးဖို့ လုပ်နေကြလုပ်ထုံးလုပ်နည်းပါ၊ ဒီလိုလုပ်ပေးခြင်းဖြစ် လိုအပ်ပါက Program ကိုပြန်လည်စစ်ဆေးဖို့ကူညီတဲ့ သဘောလည်းဖြစ်ပါတယ်။
ဒီလိုနည်းဖြင့် သင်မှာသင်ယူရမဲ့အရာတွေဟာ များစွာရှိနေတယ် ဒါကြောင့် စိတ်ထားကောင်းထားတပ်ဖို့လည်း လိုပါတယ် သို့မျာသာ နောင်တစ်ချိန်သင့်ကို ကူညီမဲ့ မိတ်ဆွေ ကောင်းပေါ်လာပါမယ်
======================================================
ဂ။ အသုံးဝင်မဲ့ သတင်းအချက်လက်တွေကို မျှဝေပါ။ နောက်ထပ်နည်းကောင်းတစ်ခုကတော့ အသုံးဝင်မဲ့ Filter များကို စုဆောင်းပါ ပြီးတော့ ဝက်ဆိုးဒ်စာမျှက်နှာတွေပေါ်က
Frequently Asked Questions (FAQ) တွေကို စိတ်ဝင်တစားဖတ်ပေးပါ၊ ဒီလိုနည်းဖြင့် ဗဟုသုတရနိုင်သလောက် ယူပါ။ Open-Source တွေရေးသားသူအနေနဲ့ အဓိကကျတဲ့
နည်းပညာပိုင်းဆိုင်ရာ FAQs တွေကို တပ်နိုင်သလောက်ရယူလိုက်နာပါ။ ဃ။ လုပ်ငန်းရဲ့ အခြေခံအဆောက်အုံ ကို ကူညီထိမ်းသိမ်းပါ။ ဟက်ကာတို့ရဲ့ ယဉ်ကျေးမှု့သဘော
သဘာဝအရ ဟက်ကာတွေဟာ စေတနာဖြင့် လုပ်ဆောင်လယ်ပါတ်ကြတာများပါတယ်။ ဒီနေရာမှာလိုအပ်ချက်တွေကတော့အများကြီးရှိနေမှာပါ ဒါပေမဲ့ဆကိ မက်မောစရာမကောင်းတဲ့အလုပ်ကို လုပ်တဲ့နေရာမှာ လုပ်ထားသမျှတွေထဲက မေးပို့ထားတဲ့ စရင်းတွေ၊ အဖွဲကိုခေတ်မှီအောင်လုပ်တာမျိုးတွေ၊ Software တွေကိုပြန်လည်ပြုပြင်တာတွေ နည်းပညာမြှင့်တင်တာနဲ့ပါတ်သက်တာတွေ ဒီလိုမျိုးတွေကို ဆက်ပြီးသိမ်းဆည်းထားတပ်ဖို့လိုအပ်ပါတယ်။
ဒီလိုလုပ်ဆောင်ပေးနိင်သူဟာ မကြာခင်မှာဘဲ လေးစားမှုတွေကိုပြန်လည်ရလာပါခိပ်မယ်။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်အလုပ်မှာ အာရုံစူးစိုက်မှုရှိနေတာကို ပြပါ။
======================================================
င။ ဟက်ကာ ယဉ်ကျေးမှု၏ ဝန်ဆောင်မှုကို ပြုပါ။ အထက်က အချက်တွေထဲက တစ်ခုလောက်ကိုမှ သင်ကောင်းကောင်း နားမလည်နိုင်ဖူး ဆို့ရင်တော့ ဒီအဆင့်ကို သင်နေရာယူနိုင်ဖို့ဆိုတာ မဖြင့်နိုင်ပါဘူး။ ဟက်ကာ လောကမှာ ဆရာကြီးဆိုတာ မရှိပါဘူး၊ ဒါပေမဲ့ ဟက်ကာသူရဲကောင်းတွေ၊ မျိုးနွယ်စုခေါင်းဆောင်တွေ၊ သမိုင်းပညာရှင်တွေ နဲ့ ပြောရေးဆိုခွင့်ရှိသူတွေတော့ရှိပါတယ်။ သင့်မှာပြည့်စုံလုံလောက်တဲ့ ဟက်ကာ ပညာအရည်ခြင်း
တွေနဲ့ ကြိုးစားအားထုပ်မှုပြင်းထန်ပါမှ ဒီအဆင့်ကိုဝင်မှာဖြစ်ပါတယ်။ ဟက်ကာတွေဟာ မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ပေါ်တင်ဆန်တဲ့ အတ္တမာန ကိုတော့ယုံကြည်မှု မရှိကြပါဘူး။ ဒါကြောင့် ဒီအဆင့်ကိုရောက်လာပြီးဆိုရင်တော့ အန္တရယ်ရှိလာပြီးဖြစ်ပါတယ်။ ဒီအတွက်ကြိုးစားခြင်းထက်စာရင်
သင့်အဆင့်ကိုသင်ထိမ်းပြီးနေရာချထားပေးတာက ပိုကောင်းပါမယ်။ သင့်ရဲ့ အခြေနေကို ယဉ်ကျေးသိမ်မွှေ့စွာ ထားတပ်ဖို့တော့လိုပါတယ်။
#STTO
#Crd:
Comments
Post a Comment