Gmail ကို Professional ကျကျ အသုံးပြုနည်း
Gmail ကို Professional ကျကျ သုံးကြည့်ရအောင်။
ယနေ့ နည်းပညာခေတ်ကြီးမှာ ကိုယ်ပိုင် Email အကောင့် တစ်ခုခုလောက်မှ မရှိဘူးဆိုရင် အဆင်မပြေတော့ဘူးနော်။
အဲဒါဆိုရင်..
အီးမေးလ်ဆိုတာ ဘာပါလိမ့်။
အီးမေးလ်ဆိုတာကတော့ အောက်စ်ဖို့ဒ်အဘိဓါန်အရ အတိအကျဘာသာပြန်ရရင် ကွန်ပျူတာသုံးစွဲသူ တစ်ဦးထံမှ အခြားကွန်ပျူတာသုံးစွဲသည့် လက်ခံသူတစ်ဦး (သို့မဟုတ်) လက်ခံသူအများအပြားသို့ ကွန်ရက်တစ်ခုကို ဖြတ်သန်းလျက် အီလက်ထရောနစ်နည်းလမ်းဖြင့် ပေးပို့သော သတင်းအချက်အလက်များ ဖြစ်ပါတယ်။
ကျွန်တော်တို့ အများစုက Gmail ကို သုံးစွဲနေကြပါတယ်။
အဲဒါဆို အီးမေးလ် မဟုတ်ဘူးလား မေးတော့ အီးမေးလ် ဟုတ်ပါတယ်။ အပေါ်က အချက်အလက်အဓိပ္ပာယ်နဲ့ ကိုက်ညီတဲ့ အီးမေးလ်ပါပဲ။
ဂျီမေးလ်နဲ့ အီးမေးလ်နဲ့ ဘယ်လိုကွာသလဲလို့ မေးတဲ့သူရှိတယ်။
အီးမေးကသပ်သပ် ဂျီမေးလ်က သပ်သပ်လို့ ယူဆတဲ့သူရှိတယ်။
အစိုးရဆက်သွယ်ရေးကွန်ရက်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ မေးလ်ကို အီးမေးလ်လို့ ခေါ်ပြီး ဂူဂဲလ်မှာ အခမဲ့ မှတ်ပုံတင်ထားတဲ့ မေးလ်ကိုတော့ Gmail လို့ ခေါ်တယ်ဆိုပြီး ငြင်းကြခုန်ကြတာလည်း ရှိပါရဲ့။
Gmail ရဲ့ အဓိပ္ပာယ်လေးကို ကြည့်ရအောင်..
Gmail (pronounced Gee-mail) is a free Web-based e-mail service currently being tested at Google that provides users with a gigabyte of storage for messages and provides the ability to search for specific messages. The Gmail program also automatically organizes successively related messages into a conversational thread.
"Gmail(ဂျီမေးလ်လို့အသံထွက်)ဟာ Google မှာ လက်ရှိစမ်းသပ်ထားပြီး 1 GB ရှိတဲ့ Message သိုလှောင်မှုနဲ့ အလိုရှိရာ Message ကိုရှာဖွေနိုင်သည့် လုပ်ဆောင်ချက်ကို အထောက်အပံ့ပေးထားသည့် အခမဲ့ ကွန်ရက်အခြေပြု အီးမေးလ်ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်"တဲ့။
အဲဒီတော့ Gmail က အခမဲ့ရတဲ့ အီးမေးလ်တစ်ခုပါပဲ။
ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဝန်ဆောင်မှုအနေနဲ့လည်း ထိုက်သင့်တဲ့အဖိုးအခကို ပေးသွင်းပြီး Email လျှောက်ထားနိုင်ပါတယ်။ အဲဒီအီးမေးလ်ကို အခြား Gmail စတဲ့ မေးလ်တွေကတစ်ဆင့် စာတွေ ဖိုင်တွေ ပို့နိုင်သလို အဲဒီအီးမေးလ်ကနေလည်း မည်သည့် အီးမေးလ်ဆီကိုမဆို စာတွေ ပို့နိုင်ပါတယ်။
ဒါဆို အချို့ လုပ်ငန်းကြီးတွေက ဘာလို့ gmail မသုံးဘဲ myanmar email ကို သုံးနေသေးတာတုန်း။ အလကားရတဲ့ Gmail ကိုပဲ သုံးလို့ မရဘူးလား။
ရတော့ ရတယ်။
ဒါပေမဲ့ ပထမ တစ်ချက်.. ဖုန်းနံပါတ်ကိုယ့်ဆီဝင်လာလို့ ၁၅၀၀ နဲ့ ဝယ်လို့ရတဲ့ ဖုန်းနံပါတ်မဟုတ်ဘဲ ၀၁ နဲ့ စတဲ့ ကြိုးဖုန်းတွေ၊ ၀၉၅၀၀ စတဲ့ သိန်း ၅၀ တန် ဂျီအက်စ်အမ် ဖုန်းတွေဆိုရင် တန်ဖိုးကြီး ဖုန်းဆိုတာ တန်း သိတယ်မဟုတ်လား။ အဲဒီတော့ အဆောင်အယောင်သဘောနဲ့ သုံးကြတယ်။ အဖိုးတန်အဆောင်အယောင် အနေနဲ့ပေါ့။
ဒုတိယတစ်ချက်ကတော့ တကယ်လို့များ Google က သူ့ မေးလ်ကို အခမဲ့ မပေးတော့ဘူး၊ ဒါမှမဟုတ် မြန်မာနိုင်ငံကို မပေးတော့ဘူးဆိုတဲ့အခါကျရင် ပို့ထားတဲ့ စာအထောက်အထားတွေ ပြန်ရစရာ မရှိတော့ဘူး။ နစ်နာပါတယ်ဆိုပြီး တရားစွဲလို့ မရဘူး၊ အလကားသုံးတာကိုး။ မြန်မာနိုင်ငံပိုင် ကွန်ရက်ထဲက အီးမေးလ်ကတော့ ဘယ်မေးလ်တွေကပဲ ပိတ်ပိတ်၊ ပိတ်ထားတဲ့ မေးလ်က လွဲလို့ ကမ္ဘာအနှံ့ဘယ်မေးလ်ဆိုတာကို အကုန်ပို့လို့ရနေဦးမယ်။
တတိယအချက်ကတော့ ယုံကြည်ရမှု အထောက်အထားသဖွယ်ပေါ့။ Facebook Page ထဲမှာမှ Celebrity ဖြစ်လွန်းတဲ့ တရားဝင်မှတ်ပုံတင်ပြီးသား နိုင်ငံရေး ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်ထိပ်သီးပိုင်းတွေ၊ အစိုးရတရားဝင်စာမျက်နှာတွေမှာ Blue-Mark အမှန်ခြစ်ကလေး ပါတယ်။ အဲဒါလေး ရသွားပြီဆိုရင် အားလုံးက ယုံကြည်ကြတယ်။ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိတယ်ဆိုတဲ့ အမှတ်အသားပေါ့။ ဒီလိုပဲ အခပေးပြီး အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ တရားဝင်မေးလ် ဆိုတော့ လုံခြုံမှုကို ယုံကြည်စိတ်ချလို့ရတယ်၊ အာမခံတယ်ဆိုတဲ့ သဘောလေးတွေ ပါတာပေါ့။
ထားပါ။
အခု ပြောပြချင်တာတွေက Gmail အကြောင်းပါ။
အများစုက Gmail ကို အင်တာနက်စာမျက်နှာတွေမှာ မှတ်ပုံတင်စရာ တစ်ခုအနေနဲ့ပဲ အသုံးပြုနေကြပါတယ်။ အကောင့်ဖွင့်ဖို့အတွက်ပဲ သုံးနေကြတယ် ဆိုပါတော့။
တကယ်တော့ Gmail မှာ လုပ်နိုင်တဲ့ အခြားလုပ်ဆောင်ချက်တွေ အများကြီး ရှိပါတယ်။
အစွမ်းကုန်သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။
အဲဒါတွေအတွက် ဒီစာအုပ်ကလေးကို ဖတ်ကြည့်ပါ။ အတော်လေးကို ကောင်းပါတယ်။
စာအုပ်အမည်ကတော့ Gmail အတွက် အစွမ်းထက် နည်းလမ်း ၈၀ ဖြစ်ပါတယ်။
စာအုပ်တိုက်တွေမှာ ထုတ်ဝေတဲ့စာအုပ်မဟုတ်ပါဘူး။
ကိုဇေယျာစံ ရေးသားပြုစုထားတာဖြစ်ပါတယ်။
စာရေးသူကို လေးစားစွာ Credit ပေးပါတယ်။
https://www.mediafire.com/file/7ek2mjw20zsfcub/Gmail_Apply.pdf/file
စာအုပ်ဖတ်ဖို့ Application မရှိသေးသူများ အောက်မှာ ဒေါင်းပြီး Install လုပ်ပါ။
https://apkpure.com/adobe-acrobat-reader-pdf-viewer-editor-creator/com.adobe.reader/download?from=details
#STTO

Comments
Post a Comment