📝Programming ဆိုတာ 📝 ကွန်ပျူတာတစ်လုံးပေါ်မှာ လုပ်ဆောင်ချက်တွေကို အမိန့်ပေးခိုင်းစေနိုင်တဲ့ အရာတွေလို့ အကြမ်းအနေနဲ့ မှတ်ယူနိုင်မှာဖြစ်ပါတယ်။ Credit: တောရက်စ် ( MC ) ဒီတော့ ကျွန်တော်တို့ ထိတွေ့နေကြတဲ့ ကွန်ပျူတာဆိုတဲ့ အရာတွေကို ပထမဆုံးလေ့လာကြည့်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ ထိတွေ့ကိုင်တွယ်နိုင်သောအရာ (Hardware) နဲ့ ထိတွေ့ကိုင်တွယ်လို့ မရနိုင်သောအရာ (Software) တို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ ▪️Hardware ဆိုတာ Input Device များ ဖြစ်တဲ့ a. Keyboard b. Mouse c. Scanner d. Microphone e. Webcam Output Device များ ဖြစ်တဲ့ a. Monitor b. Printer c. Speaker d. Headphones e. Projector များကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ သိထားရမှာက Hardware မှာ မှတ်ဉာဏ်ပဲရှိပြီးတော့ အသိဉာဏ်မရှိပါဘူး။ ဒါကြောင့် (Computer has no Intelligence.) လို့ဆိုနိုင်မှာဖြစ်ပါတယ်။ ▪️Software ဆိုတာ ကွန်ပျူတာကြီး အသက်ဝင်လာအောင်၊ အလုပ်တွေလုပ်လို့ရအောင် သူ့မှတ်ဉာဏ်ကို အားကိုးပြီး အသိဉာဏ်နဲ့တူတဲ့ Software တွေကို Run ပေးရပါတယ်။ ဒီ Software တွေကြောင့် ကွန်ပျူတာဟာ လုပ်ဆ...