IT Engineer
IT Engineer
အပိုင်းနဲ့ စင်ကာပူလာအလုပ်ရှာရင် အရင်ဦးဆုံး ဘယ်လိုတွေ ပြင်ဆင်လာရမလဲ
================================================
စလုံးမလာခင် IT Engineer တွေဘာလို့ စလုံးလာသင့်လဲ ဆိုတာလေးလည်း လက်လှမ်းမှီသလောက် ရှင်းပြပေးပါ့မယ်။
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
စလုံးမှာ အဓိက ဘာသာစကား အဖြစ် English ကိုအဓိကထားပီးသုံးပါတယ် ( ဒုတိယအသုံး၀င်တာက တရုတ် ဘာသာ စကားပါ ) တခြား နိုင်ငံတွေ သွားရင် ဂျပန် ကိုရီးယား သွားမယ်ဆို သူတ်ု့ဘာသာ စကားကို အစိမ်းသက်သက်သင်ရမှာပါ။ အဲ့ဘက်တွေမှာ IT Market က စလုံးလောက် သိပ် Market မရှိသေးပါဘူး။ နောက်ပီး စလုံးဟာ One of the best transporation system from the world ပါ။ Safe အရမ်းဖြစ်တဲ့ နိုင်ငံထဲ မှာပါပါတယ်။ ည ၁နာရီ ၂နာရီလောက်ထိ သွားလည်း လုတာတွေ Rape Case တွေ မရှိပါဘူး။ သရဲပဲခြောက်ရင်ခြောက်ပါမယ်။ စလုံးမှာ အာဆီယံနိုင်ငံ တွေအပြင် Europe / Australia နဲ့ တခြား နိုင်ငံပေါင်းစုံကလူတွေလာပီးလုပ်တဲ့ Multi Culture နိုင်ငံတခုပါ။ နောက်ပီး မြန်မာ Engineer တွေ အများအပြား ရှိနေတဲ့ နိုင်ငံပါ။
#အပိုင်း ၂ပိုင်း ရေးပီး သိသလောက် ရှင်းပြထားပါတယ်။မလာခင် ကြိုတင်ပြင်ဆင်မှု့ပိုင်းနဲ့ လာပီးပြင်ဆင်မှု့အပိုင်း
👇👇👇👇👇👇👇👇👇👇👇👇
#Education Background
==================
အရင်ဦးဆုံး မိမိလေ့လာသင်ယူခဲ့တဲ့ တက္ကသိုလ်ဟာ နည်းပညာပိုင်း တက္ကသိုလ် တခုခု ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ အကယ်လို့ မဖြစ်ခဲ့ရင်လည်း စိတ်ဓာတ်မကျပါနဲ့ ပုံမှန် ဘွဲ့လေးပဲရှိမယ်ဆိုရင်တော့ ပုဂ္ဂလိက နှင့် အစိုးရက ဖွင့်တဲ့ IT Diploma တစ်ခုခု တက်ထားသင့်ပါတယ်နော်။

#IT Diploma တွေ ဘယ်လိုတက်မလဲ
=======================
ဈေးသက်သာပီး အစိုးရအသိအမှတ်ပြတဲ့ Diploma လက်မှတ်တခု ဘယ်လိုယူမလဲ..........
#IT Diploma တွေ ဘယ်လိုတက်မလဲ
=======================
ဈေးသက်သာပီး အစိုးရအသိအမှတ်ပြတဲ့ Diploma လက်မှတ်တခု ဘယ်လိုယူမလဲ..........
အများအားဖြင့် ရန်ကုန်မှာတော့ KMD နဲ့ ရန်ကုန် အေ၀းသင်တက္ကသိုလ် ပေါင်း ဖွင့်ထားတဲ့ Part Time & Full Time 1 year Diploma သင်တန်းတွေရှိပါတယ်နော်။ နောက်တခုကတော့ ရန်ကုန် တက္ကသိုလ် နှင့် Winner Computer Group တို့ပူးပေါင်းဖွင့်လှစ်တဲ့ Diploma သင်တန်းတွေလည်း ရွေးချယ်စရာ ရှိပါတယ်။
အနည်းဆုံး IT Diploma လက်မှတ်နဲ့လည်း SPass Approve ဖြစ်နိုင်ပါတယ်။
👇👇👇👇👇👇👇👇👇👇👇👇
#လုပ်ငန်းအတွေ့အကြုံ
=============
IT သမားတွေအတွက်ကတော့ အနည်းဆုံး လုပ်သက် 2 Yrs လောက်တော့ ရှိထားသင်ပ့ါတယ်။ ဒါမှ လုပ်ငန်းခွင်မှာ ပိုမို အဆင်ပြေမှာပါ။ မိမိရွေးချယ်ရာ Software Network System အလိုက် နိုင်ငံတကာ Exam Certified ဖြစ်ဖို့လည်း လိုပါသေးတယ်နော်။ နမူနာ Networking သမားတွေဆို Cisco CCNA Certified ကတော့ မဖြစ်မနေ လုပ်လာရမှာပါ။ နောက်ပီး Specialist တခုထဲနဲ့ အလုပ်ရရှိဖို့ မသေချာသေးပါဘူး။

တခြား Networking Products တွေ ဖြစ်တဲ့ Mikrotik Fortigate VM ပိုင်းတွေကတော့ နောက်ပိုင်း အလုပ်ခေါ်တဲ့နေရာမှ တော်တော် လေးတောင်းလာကြတာကို တွေ့ရပါတယ်။
Network သမား အများစုကတော့ Windows Administration AD ကိုတော့ တော်တော်များများ Used to ဖြစ်မယ်လို့ထင်ပါတယ်။ ဆိုလိုတာက Cisco တခုထဲနဲ့ အလုပ်လာရှာတာထက် အပေါ်ကပြောခဲ့သလို AD; Mikrotik; Fortigate; VMware ထဲက အကုန်မဟုတ်တောင် ၂ခုလောက်ကို အတော်အတန် လေ့လာခဲ့ရပါမယ်။
👇👇👇👇👇👇👇👇👇👇
#English Speaking Skills
===================
စလုံး အဓိက ရုံးသုံးစကားကတော့ Singaporean English ပါ။ English 4 Skilss ကိုတော့ သေချာလေး ဖြည့်ခဲ့စေချင်ပါတယ်။ စရောက်ရောက်ခြင်း သူတို့ပြောတာကို နားလည်မှာမဟုတ်သလို ကိုတွေ ပြောတဲ့ Grammar ကျကျ ပြောတဲ့ လေယူလေသိမ်း ကိုလည်း သူတို့ အရမ်း နားလည်မှာမဟုတ်ပါဘူး။ အဓိက ဆိုလိုချင်တဲ့ Main Point ကိုပဲ နားလည်အောင်လုပ်ပီး Communication ပြန်လုပ်ရမှာပါ။ တဖြေးဖြေးနဲ့ ကျင့်သားရလာမှာပါ။

အထက်ပါ အချက်အလက်တွေ အတော်များများ ပြည့်စုံပီဆိုရင်တော့ သင် စလုံးလာပီး အလုပ်လာရှာလို့ ရပါပီ
👇👇👇👇👇👇👇👇👇👇👇
#စလုံးမှာ မိမိရဲ့ အလုပ်သမား Permit က Spass လား EP လား ဘလို စစ်မလဲ
=======================
စလုံးမှာကတော့ WP ; SPass နဲ့ EP ဆိုပီး Foreign Worker Pass 3 မျိုးရှိပါတယ်။
=======================
စလုံးမှာကတော့ WP ; SPass နဲ့ EP ဆိုပီး Foreign Worker Pass 3 မျိုးရှိပါတယ်။
-WP ကတော့ General Workers တွေအတွက်ပါ။
-Spass ကတော့ ဘွဲ့ ရပီးသား or Diploma တခုခုရရှိပီးသား လူအတွက်ပါ။ လစာကတော့ $2400 ကနေစပါတယ်
-EP ကတော့ Skill Full level သမားတွေအတွက်ပါ။ $3600ကနေစပေးပါတယ်။
-Spass ကတော့ ဘွဲ့ ရပီးသား or Diploma တခုခုရရှိပီးသား လူအတွက်ပါ။ လစာကတော့ $2400 ကနေစပါတယ်
-EP ကတော့ Skill Full level သမားတွေအတွက်ပါ။ $3600ကနေစပေးပါတယ်။
တခါတခါ မိမိက Oversea experiences မရှိသေးရင်လည်း Spass သမားအတွက် စာရွက်ပေါ်မှာတော့ 2400 တကယ်ရတော့ $2200 လောက်ပဲ Company ကပေးတတ်တာမျိုးလည်း ရှိတတ်ပါတယ်။
မိမိလက်ရှိ ဘွဲ့ လုပ်ငန်းအတွေ့အကြုံ နဲ့ မိမိရဲ့ Pass က Spass လား EP လားဆိုတာ မိမိကိုတိုင် စစ်လို့ရပါတယ်။ ဒီLink မှာ၀င်စစ်ကြည့်ပေးပါ။
https://www.mom.gov.sg/…/employment-s-pass-self-assessment-…
https://www.mom.gov.sg/…/employment-s-pass-self-assessment-…
👇👇👇👇👇👇👇👇👇👇👇👇👇👇👇
#မလာရင် ၁လ လောက်ကြိုပီး CV Form ပြင်ဆင်မလဲ
=================================
အရင်ဆုံး စလုံးအလုပ်ကြေငြာတဲ့ website ဖြစ်တဲ့
#မလာရင် ၁လ လောက်ကြိုပီး CV Form ပြင်ဆင်မလဲ
=================================
အရင်ဆုံး စလုံးအလုပ်ကြေငြာတဲ့ website ဖြစ်တဲ့
တွေမှာ Account ဖွင့်ပီး Onlineအရင်ဖန်တီးရပါမယ်။ CV ဖောင်ဖြည့်ရင်တော့ သူတFormat အတိုင်း မိမိ Data လေးတွေ ထည့်လိုက်ရုံပါပဲ အရေးကြီးတာက မိမိနာမည်နဲ့ အတိအကျ gmail Account ကိုသုံးပါ။ Pofile ကောင်းကောင်းလေး ဓာတ်ပုံရိုက်လာပါ။ နောက်ဆုံး Upload တင်ရင်တော့ မိမိရဲ့ ကိုပိုင် CV ကို Upload တင်ပေးရပါမယ်။
CV ထဲမှာ မလိုလားတဲ့ အရပ် သွေး အုပ်စုတို့ ဘာတို့ ထည့်စရာမလိုပါဘူးနော်။ အရေးကြီးဆုံးက CV ထဲမှာ မိမိစလုံးလာမယ့်ရက် အတိအကျနဲ့ နောက်ဆုံးရှိမယ် ထင်တဲ့ရက် အတိအကျကို ထင်ထင်ရှားရှားရေးပါ။ CV Form ထဲ မြန်မာ ဖုန်းနံပါတ်နဲ့ အသိ စလုံးသူငယ်ချင်း ဖုန်းနံပါတ်နှစ်ခုထည့်ထားပါ။ မိမိ မြန်မာဖုန်းကိုလည်း အတိအကျ Format နဲ့ ရေးပါ နမူနာ +0959XXXX နဲ့ Whatsapp application ပါDownload ဆွဲထားပါ။ Viber Line ကို စလုံးမှာမသုံးကြလို့ပါ။
မိမိမလာခင် ထို Website တွေကနေ တဆင့် မိမိLaptop နဲ့
ထိုင်လျောက်နေဖို့လိုပါတယ်။ စလုံးရောက်ရင်တော့ မိမိ စလုံး ဖုန်းနံပါတ်နဲ့ ပြန်ပီး CV မှာ Update ပြန်လုပ်ဖို့ မမေ့ပါနဲ့။
ထိုင်လျောက်နေဖို့လိုပါတယ်။ စလုံးရောက်ရင်တော့ မိမိ စလုံး ဖုန်းနံပါတ်နဲ့ ပြန်ပီး CV မှာ Update ပြန်လုပ်ဖို့ မမေ့ပါနဲ့။
( တချို့ Engineer Civil / Drafter / QC သမားတွေကတော့ BCA Email ကို ပို့ပီး CV Form တွေပို့ကြပါတယ်။ သူငယ်ချင်း BE EP EC သမားနှစ်ယောက်ဆို BCA email အပို့များလို့ google က Sparm email ထင်ပီး မိမိ email ကို Deactivate လုပ်သွားတတ်ပါတယ်။ အဲ့လိုဖြစ်သွားရင်တော့ သွားပါပီနော်။ မိမိ email နဲ့ ဖွင့်ထားတဲ့ အလုပ်ရှာတဲ့ Website က Account တွေအကုန် ပျက်မှာပါ။ အထူးသတိထားစေချင်ပါတယ်။ )
စလုံးရောက် IT ပညာရှင်များ Group ကို စလုံးလာမည့် သူများ မဖြစ်မနေ Join ပေးစေချင်ပါတယ်။ GP ထဲမှာ CV Form ရေးနည်းက အစ အစုံပါပါတယ်။
👇👇👇👇👇👇👇👇👇
#မလာခင် ငွေဘယ်လောက်ထဲ့ခဲ့ရမလဲ
=======================
အနည်းဆုံး Sin $ 2000 to 2200 လောက်တော့ ပါလာရပါမယ်။ တလ အခန်းစရိတ် 350 to 400 ၀န်းကျင်ရှိပါတယ်။ အစားအသာက်ကတော့ တနေ့ $10 နဲ့ ချွေတာသုံးစွဲရင် တလ $300 လောက်နိုင်ပါတယ်။ MRT ရထားခ ကားခအတွက် Card ကတော့ သွားတဲ့အပေါ်မူတည်ပီး တလကို $40-50 ကုန်တတ်ပါတယ်။ စုစုပေါင်း တလကုန်ကျငွေ ( အိမ်ခန်းက 400 + စားစရိတ် 300 + MRT ခ 50 = $750 to $800 ) ဆို လောက်ပါတယ်နော်။

ချွေတာမယ်ဆိုရင်တော့ ၀င်ကြေးပေးရတဲ့ နေရာတွေ မသွားပါနဲ့နော်။ ချွေတာချင်ရင်တော့ မနက်စာ အတွက် ပေါင်မုန့် တထုတ်ဆို အကြီးအသေးအလိုက် 2$ - 3$ ရှိတတ်ပါတယ်။ ( အချပ်ရေ ၁၄ ချပ်လောက်ပါပါတယ် ) မနက်စာကို ပေါင်မုန့်နဲ့ ကော်ဖီနဲ့သောက်ပီး နေ့လည်စာ နဲ့ ညစာကိုပဲ အပြင်ထွက်စားမယ်ဆိုရင် 7$ လောက်နဲ့ လောက်ပါတယ်။
#ချန်ဂီလေဆိပ်လာနေစဥ် စလုံးနဲ့ မြန်မာက မိသားစုနဲ့အဆက်အသွယ်ရအောင် မိမိသုံးနေတဲ့ Myanmar SIM card ကို Bill အနည်းဆုံး ၅၀၀၀ ၁၀၀၀၀ ထည့်ပီး Roaming လေး ကို On လိုက်ရုံပါပဲ or 1 week package လေးလည်း လုပ်ခဲ့ပါ။ အရေးအကြောင်းဆို Immigration က ရစ်နေချိန်မှာ စလုံးမှာ ရှိတဲ့ သူငယ်ချင်းကို ဖုန်းဆက် အကူအညီတောင်းတာတို့ လုပ်လို့ အဆင်ပြေအောင်ပါ။ ( Immigration ဖြတ်ပီးမှသာ စင်ကာပူ SIM card ကို Passport Number နဲ့ ၀ယ်ရမှာပါ။ SIM Card က $20 ပါ။ )
နမူနာ MPT ရဲ့ Roaming ဖွင့်ပုံနဲ့ Package ကို ရှဲပေးထားပါတယ်။
နမူနာ MPT ရဲ့ Roaming ဖွင့်ပုံနဲ့ Package ကို ရှဲပေးထားပါတယ်။
#အိမ်ခန်း ဘလိုရှာမလဲ
==============
စလုံးမှာ အစိမ်း အနီ အပြာ ရထားလိုင်းနဲ့ နီးတဲ့နေရာတွေမှာတော့ အများဆုံးငှားကြပါတယ်။ အိမ်ခန်းကိုတော့
==============
စလုံးမှာ အစိမ်း အနီ အပြာ ရထားလိုင်းနဲ့ နီးတဲ့နေရာတွေမှာတော့ အများဆုံးငှားကြပါတယ်။ အိမ်ခန်းကိုတော့
မှာ စုံစမ်းလို့ရပါတယ်နော်။ အကြံပေးချင်တာက တလပဲအရင်ဆုံးငှားပါ။ တလ ပီးလို့ အလုပ်ရခဲ့ရင် အလုပ်နဲ့နီးတဲ့ MRT မှာရှိတဲ့ အခန်းကို ပြောင်းကြတာများလို့ပါ။ တချို့အိမ်တွေက အိမ်လခ စပေါ် တလစာကြိုပေးရတတ်ပါတယ်။ တလပဲနေမယ်လို့ စနေကတည်းက ကြိုပြောထားပါ။ ပြောင်းရင် တလခ ပြန်ပေးပါတယ်။ တချို့ကလည်း စပေါ် $100 လောက်ပဲ ယူတဲ့အိမ်တွေလည်း ရှိပါတယ်။ အိမ်ခန်းငှားတာကိုတော့ စလုံးမှာရှိတဲ့ မိမိအသိကို အကူအညီတောင်းပီး ၁လ လောက်အနည်းဆုံးကြိုရှာထားသင့်ပါတယ်။
#စလုံးကို ဘယ်အချိန်လာရင် အဆင်ပြေနိုင်မလဲ
===========================
Senior အကို အစ်မတွေ ကတော့ စလုံး တရုတ်နှစ်ကူး ပီးတဲ့အချိန် February March April May June လတွေ လာရှာတာ များပါတယ်။ တခုသတိထားရမှာကတော့ အဆိုပါလတွေမှာ စလုံးမှာရှိတဲ့ ၀န်ထမ်း ( သူတို့နိုင်ငံသားများအပါအ၀င် လုပ်ငန်းခွင်ထဲ အသားကျပီး Experiences ရှိပီးသား လူတွေပါ လစာတိုးအောင် အလုပ်ပြောင်းလေ့ရှိတဲ့ ကာလဆိုတော့ မိမိအနေနဲ့ အဆိုပါလူတွေနဲ့ ယှဉ်ရမှာ ဖြစ်ပါတယ်။ ) ကံနဲ့လည်းဆိုင်ပါတယ် စလုံးမှာ လုပ်ရမယ့်ကံပါလာရင် အလုပ်ရကို ရမှာပါ။

#လေယာဉ် လက်မှတ် ဘယ်လို ဖြတ်မလဲ
=======================
လေယာဉ်လက်မှတ်ကတော့ ကိုမသွားခင် လပိုင်းအလို ကြိုဖြတ်တာက ဈေးအသက်အသာဆုံးပါ။ လေကြောင်းလိုင်းရွေးရင်တော့ Senior အကိုအစ်မတွေကတော့ MNA SIN Airline ကို Recommand ပေးကြပါတယ်။ မိမိ ဘယ်လေကြောင်းလိုင်းနဲ့လာလာ ကို Immigration အရစ်ခံရမှသာ Air Ticket ကို ပြရတာပါ။ အဲ့တော့ ဈေးအရမ်းမကြီးတဲ့ လေကြောင်းလိုင်း နဲ့လာမယ်ဆိုလည်း အဆင်ပြေနိုင်မယ် ထင်ပါတယ်။ လေယာဉ်လက်မှတ်ကိုအသွားအပြန် တခါထဲ ဖြတ်ပါ။ လေယာဉ်ပေါ်မှာ White Card ကို တခါထဲဖြည့်ပါ။

2020 မှစပီး Singapore Immigration ဟာ Online Arrival ကိုစတင်သုံးစွဲပါပီ အရင်ဖြည့်နေ့ကျ White Card အစား Online Arrival ကိုစတင်သုံးစွဲနေပါပီ Mobile Version Android / IOS နဲ့ Down ပီး မိမိ Data တွေ ထည့်ရမှာပါ။ နမူနာ PP NO/ DOB/ စလုံးမှာ ဘယ်လောက်နေမလဲ / နေမယ့် Hotel or အိမ်လိပ်စာ အားလုံးကိုဖြည့်ပီး Save ပီး Scan ဖတ်လိုက်ဖို့ပဲ လိုပါတယ်။
Official Website မှာ Detail ကြည့်ကြည့်ပါခဗျာ့။
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
https://www.ica.gov.sg/enteringanddeparting/…/e-arrival-card
( WC ဖြည့်ပုံဖြည့်နီး ကို ပြထားပေးပါတယ်နော် )
၂ပတ်ထက်ပိုသွားရင် အရစ်ခံရဖို့ 70%ရှိနေပါတယ်။ ( တချို့လည်း ၃ပတ်လောက်ဖြတ်လာပီး အရစ်မခံရတဲ့လူတွေလည်း ရှိပါတယ် ၁လ တိတိ စလုံးမှာ နေခွင့်ရပါတယ်။ )
သူတို့မေးပါမယ် ဘာလာလုပ်တာလည်း ဘာညာပေါ့ အဲ့အခါ ကိုကအလည်ဆိုအလည်ပေါ့ သူငယ်ချင်းရှိတယ်သူ့ဆီလာတာပါပေါ့နော် တချို့တွေကလည်း အဲ့လိုပြောတာနဲ့ အဆင်ပြေပါတယ်။ တချို့ကလည်း အဆင်မပြေပဲ Officer ရုံးခန်းထဲ ခေါ်သွားခံရပါတယ်။

Officer ရုံးခန်းထဲ ခေါ်သွားခံရရင် စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။ စလုံး မလာခင် ၁ရက်အလိုကတည်းက ဖုန်းထဲမှာရှိတဲ့ အလုပ်လျောက်ထားတာတွေ CV Form တွေ Internet Browser တွေ အလုပ်ရှာ Software တွေ အကုန် သူငယ်ချင်းနဲ့ Chat ထားတာတွေကအစ အကုန်ဖျက်ထားပါ။ Officer ကမေးပါလိမ့်မယ် မင်းအလုပ်လာရှာတာမလားလို့ မေးပါတယ် ( အလုပ်ရှာတာ တရား၀င်လား မ၀င်လားတော့ ကျွန်တော်လည်း မသိပါ။ တားမြစ်ထားတာ တစုံတရာ လည်း မတွေ့မိပါ။ Senior တွေ အားလုံးလိုလိုကတော့ အလုပ်ရှာဖို့လာတာလို့ မဖြေဖို့ အကြံပေးတာကို တွေ့ရပါတယ်။ ) အဲ့မှာ ငွေဘယ်လောက်ပါလည်းမေးနိုင်သလို ပြခိုင်းရင်လည်း ပြရတတ်ပါတယ်။ မိမိအိတ်ကိုလည်း ဖွင့်ပီး စစ်ရင်လည်း စစ်နိုင်ပါတယ်။ စလုံးမှာရှိတဲ့ သူငယ်ချင်း နာမည်မေးပီး Confirm လုပ်ပါတယ်။ သုငယ်ချင်းဆီ သူတို့ဖုန်းဆက်မေးတတ်ပါတယ် မင်းအသ်ိလာဖို့ရှိလား ဘာညာပေါ့ အဲ့မှာ သူငယ်ချင်းက ဟုတ်တယ် ငါ့သူငယ်ချင်း အလည်လာတာလို့ ပြောပေးရင် အဆင်ပြေနိုင်ပါတယ်။
မလာခင် မိမိရဲ့ စာရွက်စာတမ်း ဘွဲ့လက်မှတ်တွေကို နိုထွီ ပြန်ခဲ့ပါ။ ( English လိုရေးထားရင် ပြန်စရာ မလိုပါဘူး ) အဲ့လက်မှတ်အကုန်လုံးကို စလုံးမှာရှိတဲ့ သူငယ်ချင်းဆီကို လူကြုံနဲ့ဖြစ်စေ Agent နဲ့ဖြစ်စေ ကြိုပို့ထားစေချင်ပါတယ်။ မိတ္တူတွေ အစောင် ၁၅ စောင်လောက် ပါဆွဲပီး ပို့ထားပါ။ ဒီမှာ ဆိုင်တွေရှားတဲ့အပြင် ဈေးလည်း အရမ်းကြီးပါတယ်။
👇👇👇👇👇👇👇👇👇👇👇👇👇
Interview ဘယ်ချိန်တွေ ရတတ်လဲ
======================
Interview ဘယ်ချိန်တွေ ရတတ်လဲ
======================
ပုံမှန်ဆိုရင် စလုံးရောက်ပီ 2 Week နဲ့ ၁၀ရက် ကြာရင် Interview စရတတ်ပါတယ်။ Interview မသွားခင် မိမိ နည်းပညာနဲ့ ပက်သက်ပီး ကြိုပြင်ဆင်ပါ။ တချို့အလုပ်တွေက IQ Test ပါဖြေခိုင်းပီး Router တွေ Switch တွေက်ု Config လုပ်ခိုင်းတတ်ပါတယ်။ နောက်ပီး Interview မသွားခင် Youtube ထဲက Interview အတွက် အမေးများတဲ့မေးခွန်းနဲ့ မိမိအဖြေကို စာရွက် or Laptop ထဲ ချရေးထားပါ။ ကြိုပီး လေ့ကျင့်ထားပါ။ မိမိအားသာချက် တွေ အားနည်းချက်တွေ ကိုကြိုတင်ပြင်ဆင် စေချင်ပါတယ်။ Interview သွားရင်တော့ T Shirt နဲ့ စတိုင်ပန်ကိုပဲ ၀တ်စေချင်ပါတယ်။ အနောက်တိုင်း အကျီတွေတော့ ၀တ်ဖို့ မလိုပါဘူးနော်။
👇👇👇👇👇👇👇👇👇👇👇👇
၁လ ပြည့်ခါနီး အင်ဒိုနီးရှား ဘာတန် ဘက်ကို ဘလို Stay
ရှောင်မလဲ
=================================
၁လ ပြည့်ခါနီး အင်ဒိုနီးရှား ဘာတန် ဘက်ကို ဘလို Stay
ရှောင်မလဲ
=================================
Online ကနေ tay Extension သက်တမ်းတိုးရင် မရတာက များပါတယ်။ အဲ့တော့ ဘာတန်ဘက်ကိုပဲ Stay ရှောင်ဖို့ သွားကြပါတယ်။ တချို့ လေဆိပ်မှာ ၁ပတ် ၂ပတ် ဖြတ်ခဲ့တဲ့လူတွေကတော့ City Hall က မြန်မာ ဆိုင်တွေမှာ Sin To YGN လက်မှတ် လေး booking လုပ်ခိုင်းလို့ရပါတယ်။ $10 လောက်နဲ့ ရပါတယ်။ Confirm မဟုတ်ပါဘူး Just For show အတွက်ပါ။ မိမိ တလမပြည့်ခင် ၃ ရက်လောက်အလို သွားစေချင်ပါတယ်။ City Hall မှာ မြန်မာ Agent တွေကနေတဆင့် $ 65 နဲ့အပီးအစီး နေ့ချင်ပြန် လက်မှတ်ဖြတ်လို့ရပါတယ်။ ( သဘော်လက်မှတ်ခ သွားပြန် အစားအသောက် ၊ Ferry အကြိုအပို့ အပီးအစီးပါ )
မနက်စောစော ၇နာရီလောက် အရောက် Harbour Font Center ( အင်ဒိုဘက်ကူးတဲ့ သဘော်ဂိတ် )ကို အရောက်သွားပီး online ကနေ ရတဲ့ ( Mya Agent က မိမိ Passport NO ) နဲ့ လက်မှတ်ကို Whatapp ကနေ ပို့ထားမှာပါ ) လက်မှတ်ကို ပြပီးရင် Counter ကနေ လက်မှတ်လေးထုတ်ပေးပါလိမ့်မယ် မိနစ် ၃၀လောက်စောပီး သဘော်ဆိပ်ကို ၀င်ရပါတယ်။ မည်သည့်အစစ် အဆေးမှ မရှိပါဘူး။ ဘာမှမမေးပါဘူး။
Boarding Time နဲ့ မိမိ၀ယ်တဲ့ လက်မှတ်အလိုက် ထွက်ခွာချိန်ပြောတဲ့အခါ သဘော်ပေါ်တက်လို့ရပါပီ။ သဘော်စီးချိန်ကတော့ 45 to 1 Hrs ကြာတတ်ပါတယ်။ သဘော်ပေါ်ကနေ ဆင်းတာနဲ့ ဘာတန် Indo Immigration Counter ကို အရင် မြန်မြန်သွားပါ။ အရမ်းကြာတတ်ပါတယ်။ အဲ့မှာ Stay ရှောင်တာ သိတဲ့အတွက် Indo Officer ရုံးခန်းထဲ ခေါ်ပါပီ Sin $ 50 တောင်းပါလိမ့်မယ် ( သူတို့က ပြောပါလိမ့်မယ် စလုံးက မင်းကို ပေးမ၀င်ဘူးဆိုရင် အင်ဒိုဘက်ကို ပြန်၀င်လို့ ရမယ်လို့ပြောပါလိမ့်မယ် အသာတကြည်ပဲ ပေးလိုက်ပါနော် )
လည်ပတ် တဲ့အချိန်ပီးရင်တော့ မိမိ လက်မှတ် ပြန်ချိန်ပေါ်မူတည်ပီး ဘာတန် Immigration ကို၀င်ရပါပီ။ မည်သည့် အစစ်အဆေး အတားအဆီး မရှိပါဘူး။ White Card ကို ပြန်ဖြည့်ရပါမယ်။
လူတိုးရတာလေးတခုပါပဲ သဘော်စီးပီး စလုံးဘက်ကို ရောက်ရင်တော့ Officer က အပြန်လက်မှတ်ကိုတောင်းတက်ပါတယ်။ လက်မှတ်ပြပီးရင် တော့ တုံးထုပေးရင် နောက်ထပ် ၁လ နေထိုင်ခွင့်ရရှိမှာပါ။
လူတိုးရတာလေးတခုပါပဲ သဘော်စီးပီး စလုံးဘက်ကို ရောက်ရင်တော့ Officer က အပြန်လက်မှတ်ကိုတောင်းတက်ပါတယ်။ လက်မှတ်ပြပီးရင် တော့ တုံးထုပေးရင် နောက်ထပ် ၁လ နေထိုင်ခွင့်ရရှိမှာပါ။
( စနေ နေ့ထက် တနင်္ဂနွေက လူပိုများပါတယ်။ တချို့ကလည်း လူများတော့ မြန်မြန်ပေး၀င်လို့ မရစ်ဘူးလို့လဲ ပြောပါတယ်။ )
👇👇👇👇👇👇👇👇👇👇👇👇👇
ဘုရားတရား လည်း လုပ်ဖို့ အလွန်အရေးကြီးပါတယ်။
===============================
ဘုရားတရား လည်း လုပ်ဖို့ အလွန်အရေးကြီးပါတယ်။
===============================
မိမိကိုးကွယ်ရာ ဘာသာအလိုက် ဘုရားစာ ရွတ်ဖတ်ပူဇော်ပါ။ ပဋ္ဌန်း ရွတ်ပါ ကိုးန၀င်း၀င်ပါ။ လေးလေးနက်နက်နဲ့ ကိုးကွယ်ပါ။ တချို့တချို့တွေက ကိုးကွယ်ယုံကြည်မှု့ အားနည်းတတ်ပါတယ်။ မြန်မာ ဘုန်းကြီးကျောင်း Topayoh သွားပီး ဘုရားရှိခိုး ဆုတောင်းပါ။ ဘုန်းကြီးဆီမှ အဆောင် ရေမန်းကြိုး လေးဆောင်ခဲ့ပါ။ / ကွမ်ရင်မယ်တော် ဆီသွားပီး နည်းလမ်းမှန်မှန်နဲ့ စာချပါ။ ကွမ်ရင်မယ်တော် ကျောင်းဘေးနား လေးမျက်နှာ ဘုရား သွားပီး ရွှေသင်္ကန်းလှူပါ ရွှေ ၄ရွက်မှ $2 ကျပ်ပါ။ အလေးအနက်ထားပီး ဆုတောင်းပါ။ လိုက်ပို့မယ့် သူငယ်ချင်းကို မစောင့်ပါနဲ့ မိုးရွာ နေပူတာကို မမူ့ပါနဲ့။ လေးနက်စွာ ကိုးကွယ်ဆည်းကပ်ပူဇော်ပါ။
#Crd:
Comments
Post a Comment