"မိုလ်ဘိုင်းဖုန်း၀ယ်တော့မယ်ဆိုရင် အလိမ် မခံရ ဖို့ သိထားသင့်သည့် အချက်များ"
"မိုလ်ဘိုင်းဖုန်း၀ယ်တော့မယ်ဆိုရင် အလိမ် မခံရ ဖို့ သိထားသင့်သည့် အချက်များ" ================================= ဒီတခါတော့ ဖုန်း၀ယ်တော့မယ်ဆိုရင် ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊ ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို ထပ်မံမျှဝေလိုက်ပါတယ်။ မိမိ၀ယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။ ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5 ဆိုပါစို့။ အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ- (၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်...