Posts

Showing posts from August, 2020

ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်း (၅) ခု

Image
ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်း (၅) ခု ============================ မင်္ဂလာပါခင်ဗျာ။ မိတ်ဆွေအနေနဲ့ လက်ရှိမှာ ကွန်ပျုတာ အသုံးပြုနေရတယ်ဆိုရင် ဒီစာလေးကိုဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်။  ဒီနေ့ ကျနော် ဝေမျှ ပေးသွားမယ့် အကြောင်းအရာလေးကတော့ "ပိုက်ဆံ မကုန်ဘဲ ကွန်ပျု တာကို မြန်ဆန်စေမည့် နည်းလမ်း (၅) သွယ်ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ နည်းလေးတွေ အများကြီး ရှိပါတဲ့အထဲမှ တိုတိုနဲ့ ထိထိ ဖြစ်အောင် (၅) ချက်ထဲနဲ့ အတိုချုပ် ရေးပေးလိုက်ပါတယ်။ 🔻🔻🔻🔻🔻🔻🔻🔻🔻🔻 (၁) မလိုအပ်တဲ့ Software များ ဖျတ်ပါ။ တချို့ ကွန်ပျုတာတွေတော်တော်များများမှာ မြင်ဖူးတယ်။ ဘာကြောင့်လည်း မသိ၊ မသုံးတဲ့ Software တွေကို တစ်ခုလည်းမဟုတ်၊ နှစ်ခုလည်း မဟုတ် သွင်းထားလိုက်ကြတာများ မြင်မကောင်းဘူး။ အလကားရလို့များ သွင်းထားတားလား မသိ။ ကွန်ပျုတာဝယ်ပြီဆိုထဲက ကိုယ်သုံးမယ့် Software ရှိပြီ။ ဆိုလိုတာကတော့ မိတ်ဆွေက Graphic Designer ဆိုရင် Graphic နဲ့ဆိုင်တဲ့ Software တွေ သွင်းထားပေါ့။ ခုက အဲ့လိုမဟုတ်ဘူး။ ရှိရှိသမျှ Software တွေသွင်းထားလိုက်တာ Desktop တစ်ခုလုံးလည်း ပြည့်နေပြီ။ ဒီလို သွင်းထားခြင်းအားဖြင့် ဘာတွေ ဖြစ်လာနိင်လဲ? (၁) မလ...